ကွမ်းခြံကုန်းမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

ကွမ်းခြံကုန်း  စက်တင်ဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊   ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်၌ မေတ္တာကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်လာစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်ပေါ်လာစေရန်စသည့်အကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်  ကျေးရွာသူ/ရွာသားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  စာအုပ်စာစောင်များအား စိတ်ဝင်းစားစွာဖတ်ရူလေ့လာခြင်းနှင့်ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များ၊ မြိုနယ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား  ကျောင်းသား/သူ  (၃၀၀)ဦးက  စိတ်ပါဝင်စားစွာ   လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)