ကျိုက်ထို စက်တင်ဘာ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျိုက်ထိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့်အမိန့်၊ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်၊ အခွင့်အာဏာအပ်နှင်းသည့်အမိန့်များနှင့် သတိပြုရမည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်(၄)ရပ်အား ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့်လုပ်ငန်းရှင်များက သိရှိလိုသည့်အကြောင်းအရာမျာကိုမေးမြန်းခဲ့သည်။
ယင်သို့ မေးမြန်းချက်များအား စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ ဦးဇော်ဦးက ပြန်လည် ဖြေကြားပြီး အသိပညာပေးဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)