ဗန်းမော် စက်တင်ဘာ ၂၄
(၆၀)ပြည့်နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲဝင်း ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သီးခြားတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် စုစုပေါင်း(၂၀)ဦးတို့သည် ယနေ့နံနက် ၈ နာရီတွင် ဗန်းမော်မြို့၊ အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်းတွင် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်နေမှုအား ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုး၊ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲဝင်းနှင့် အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးဇေယျာလွင်တို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူဒါန်းသူ တပ်ဖွဲ့ဝင်များအား အာဟာရဖြည့် အစားအသောက်များ ပေးဝေးခဲ့ပါကြောင်းနှင့် ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
ခရိုင်(ပြန်/ဆက်)