ပြင်ဦးလွင် စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း၍ ယမန်နေ့က ရပ်ကွက်ကြီး(၂၁)၊ မိုးကြိုးကွက်သစ်ရှိ တိုက်ပွဲရှောင်ပြည်သူလူထုအပါအဝင် ဒေသခံပြည်သူ (၁၂၀) ဦးအား ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အထွေထွေရောဂါများ ကြည့်ရှုကုသခြင်း၊ အရေပြားရောဂါများကုသပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ငှက်ဖျားရောဂါ ရှာဖွေစစ်ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ မျောက်ကျောက် (Monkey Pox)ရောဂါ အစရှိသည့် ကျန်းမာရေးအသိပညာများကိုလည်း ဟောပြောပေးခဲ့ကြောင်း တာ၀န်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သွေးသွေး