၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၄

၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော်(၁၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁)၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့​ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့်တာဝန်ရှိသူများက ဗိုလ်လုပွဲဖြစ်သည့်ဗိုလ်တထောင်ခရိုင်ဘောလုံးအသင်းနှင့် ဒဂုံမြို့သစ်ခရိုင်ဘောလုံးအသင်းများ၏ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ဗိုလ်လုပွဲတွင် ဗိုလ်တထောင်ခရိုင်အသင်းက ဒဂုံမြို့သစ်ခရိုင်အသင်းကို ၆ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက်အကောင်းဆုံးရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများကိုလည်းကောင်း တတိယရရှိသည့် မင်္ဂလာဒုံခရိုင်အသင်းကို ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်းက ဆုတံဆိပ်နှင့်ငွေသားဆုငွေကျပ်(၁၀)သိန်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဒဂုံမြို့သစ်ခရိုင်အသင်းအား ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်က ဆုတံဆိပ်နှင့်ငွေသားဆုငွေကျပ်(၂၅)သိန်းအားလည်းကောင်း၊ ပထမရရှိသည့်ဗိုလ်တထောင်ခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်က ဆုတံဆိပ်နှင့်ငွေသားဆုငွေကျပ်သိန်း(၅၀)အားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)