စဉ့်ကိုင် စက်တင်ဘာ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပန်းလောင်မြစ်ရေ ဝင်ရောက်မှုတို့ကြောင့်လမ်းကြောင်း ပြတ်တောက်ပျက်စီးသွားသည့် ကျေးလက်လမ်းများအား ကျေးလက်နေပြည်သူများ လတ်တလော သားလာရေး အဆင်ပြေစေရန် မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက စတင်၍ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရသာ-နန်းနီ−အုန်းလက်ကောက် ကျေးရွာချင်းဆက်လမ်းအား ဂျင်းမြေခင်းခြင်း၊ အုန်းလက်ကောက်ကျေးရွာ ချင်းဆက်လမ်းတွင် ပျက်စီးခဲ့သော လမ်းပိုင်းနေရာများအား စက်ကရိယာများဖြင့် ဂျင်းမြေခင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလမ်းသည် အကျိုးပြုအိမ်ခြေ (၉၉၂)အိမ်ရှိကြောင်းနန်းနီ (တောင်+မြောက်) မြေတော်၊ မြောက်အင်း၊ အုန်းလက်ကောက်ကျေးရွာတို့မှ ဆက်သွယ်သွားလာနေသော ကျေးရွာချင်းဆက်လမ်းဖြစ်ကြောင်းနှင့် အခြားပြတ်တောက်ပျက်စီးသွားသောလမ်းများကိုလည်း ကျေးလက်နေပြည်သူများ လက်တလော သွားလာရေးအဆင်ပြေစေရန် ဂျင်းမြေခင်းခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)