ကလောမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ကလော စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးကွပ်ကဲမှုရုံးတွင် ရေဘေးသင့်ပြည်သူများအား အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီက ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက ထောက်ပံ့ငွေများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

အလှူငွေများ လာရောက်လှူဒါန်းရာတွင် ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စု သတ္တုကုမ္မဏီများ၊ လက်လုပ်လက်စားအဖွဲ့များနှင့် ကျေးရွာပြည်သူများစုပေါင်း၍ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်(၁၈၅၀၀၀၀၀)သိန်း၊ ကလောမြို့ သတိုးစံ စက်သုံးဆီရောင်းဝယ်ရေးဆီဆိုင် မိသားစုမှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် (၅၀၀၀၀၀၀)သိန်းနှင့် ပြင်ဦးလွင်မြို့ ရှမ်းလူမှုရေးအသင်းတို့က အလှူငွေကျပ်(၅၀၀၀၀၀၀)သိန်းတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ ကလောတပ်နယ်မှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)