နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင် ရေကြီးရေလျှံခြင်းကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သာသနိကအဆောက်အဦများ ကြည့်ရှုပြီး လှူဖွယ်ဝတ္ထုများ လှူဒါန်း

ပုဗ္ဗသီရိ စက်တင်ဘာ  ၂၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်တို့သည် နေပြည်တော်ကောင်စီဝင်များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဥ်ကျေးရွာအုပ်စု၊ ဆင်တဲကြီးကျေးရွာ၊ သာသနာ့ဝိသောဓနိကျောင်းတိုက်သို့ရောက်ရှိပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော ကျောင်းဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းထိုင်ဆရာတော် ဦးခေမာဝံသထံသို့ ဆန်၊ ဆီနှင့် ဝတ္ထုငွေတို့အား ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ‌ဒေါ်သီတာဇင်နှင့် အဖွဲ့တို့သည် ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဥ်ကျေးရွာအုပ်စု၊ ဆင်တဲကြီးကျေးရွာ၊ သာသနာ့ဝိသောဓနိကျောင်းတိုက်သို့ရောက်ရှိပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော ကျောင်းဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျောင်းထိုင်ဆရာတော် ဦးခေမာဝံသထံသို့ ဆန်၊ ဆီနှင့် ဝတ္ထုငွေတို့အား ဆက်ကပ်လှူဒါန်းခဲ့ရာ ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်း၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်ကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းငွေ၊ လဝကဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်သာသနာရေးမှူး ဦးကျော်မင်းထွန်းတို့မှ ကြိုဆိုခဲ့ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)