ကလောမြို့ သောက်သုံးရေဖြန့်ဝေပေးလျက်ရှိသည့် ရေအေးကန်ဆည်ပိုက်လိုင်းပျက်စီးမှုအခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကလော စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ကလောမြို့ သောက်သုံးရေဖြန့်ဝေပေးလျက်ရှိသည့် ရေအေးကန်ဆည်မှ ပိုက်လိုင်းပျက်စီးမှုအခြေအနေများကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီးတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦခွန်သိန်းမောင်၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် တာဝန်ရှိသူများက ကလောမြို့၏ အနောက်တောင်ဘက် (၂)မိုင်ခွဲခန့်အကွာရှိ ရေအေးကန်ဆည်မှ ရေပေးဝေရေးပိုက်လိုင်းများ၊ ပျက်စီးသွားသော ရေပိုက်လိုင်းများနှင့် ရေပိုက်လိုင်းလမ်းကြောင်းတစ်လျှောက် ပြန်လည်ပြင်ဆင်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။ ကလောမြို့နယ် စည်ပင်သာယာရေးဌာနမှ ရေးအေးကန်ဆည်မှ မြို့နေပြည်သူလူထုသို့ သောက်သုံးရေ ပြန်လည်ဖြန့်ဝေပေးနိုင်ရေးအတွက် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)