ကွန်ဟိန်းမြို့(Community Centre)ခန်းမ၌ လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

ကွန်ဟိန်း  စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ BookClubအဖွဲ့တို့နှင့်ပူးပေါင်း၍ ဒေါက်တာခင်မောင်ညို ရေးသားသော လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်နှင့်အောင်မြင်ခြင်းအကြောင်းကို ဦးဆောင် ဆွေးနွေးခဲ့သည်။ 

ထိုနောက် စာဖတ်ဝိုင်းတွင် မဖူးပွင့်သိန်းက လူငယ်နှင့်သဘာဝဘေးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချိုချိုဝင်းက လူမျိုးမြင့်ဖို့စာဖတ်စို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးမေက လူငယ်နှင့်စူးစမ်းလေ့လာမှုများခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများတိုးပွါးလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)