ဝမ်းတွင်းမြို့နယ်၌ ရေဘေးသင့်ကျေးရွာများသို့ ကွင်းဆင်း၍ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ဝမ်းတွင်း စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ စက်တင်ဘာလ(၁၁)ရက်မှ (၁၄)ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် ရေကြီးနှစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကာ ရေဘေးသင့် ကျေးရွာများသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာနမှ မြို့နယ်မှူး ဦးစိုးမင်းနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က  ရေဘေးသင့်ကျေးရွားများတွင် ဆောင်ရွက်ခဲ့ကြသည်။    

ဝမ်းတွင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် လူမှုဘဝပြည့်စုံစေရန်နှင့် ပြည်သူများအား အခက်အခဲ မရှိစေရန်အတွက် ရေဘေးကြောင့် ဆုံးရှုံးသွားသည့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်​ကတ်ပြားများကို အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထိုသို့ ရေဘေးသင့်ကျေးရွာများသို့ မြိုနယ်မှူး ဦးစိုးမင်းနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ ဆောင်ရွက်ရာတွင် ကိုင်းကျေးရွာအုပ်စု၊ ဆူးပန်းကျေးရွာအုပ်စု၊ ညောင်ဦးဖီးကျေးရွာအုပ်စုတို့မှ ရေဘေးသင့် ပြည်သူများ၏ အိမ်ထောင်စု စာရင်း(၂၅၀)ခု၊ နိုင်ငံသားကတ် (၃၆၀) ကတ်တို့အား ဆောင်ရွက်ပေးခဲ့ကြပြီး ကျန်ရှိသည့် ကျေးရွာများတွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မှူး ဦးစိုးမင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)