မိုင်းဖြတ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စဥ်ဆက်ပညာရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က မြို့နယ်အတွင်း စဥ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကျေးရွာများတွင် ဖွင့်လှစ်မည့် စာသင်ဝိုင်းများအတွက် နည်းပြဆရာ၊ ဆရာမများ စိစစ်ရွေးချယ်ရေးနှင့် အဆိုပါနည်းပြများကို ကျိုင်းတုံမြို့တွင်ဖွင့်လှစ်မည့် စဥ်ဆက်ပညာရေးနည်းပြသင်တန်း ဖွင့်လှစ်သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွန့်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းတို့က နည်းပြများဆရာ၊ ဆရာမများရွေးချယ်ထားရှိမှုအခြေအနေများ၊ စာသင်သားဦးရေအလိုက် စာသင်ဝိုင်းဖွင့်လှစ်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် စဥ်ဆက်ပညာရေးလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှစ၍ ရက်ပေါင်း (၉၀)ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ကျေးရွာ ၁၂ ရွာ၌ စာသင်ဝိုင်း (၂၀) တွင် စာသင်သား (၂၅၁)ဦးတို့ဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)