ကျိုင်းတုံမြို့၌ ရေဘေးသင့်ပြည်သူများအား ကူညီရန်အတွက် ဂီတအနုပညာညီအကိုမောင်နှများအဖွဲ့မှ ရန်ပုံငွေရှာ

ကျိုင်းတုံ စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရေဘေးသင့်ပြည်သူများအား ကူညီရန်အတွက် ယမန်နေ့က ဂီတအနုပညာညီအကိုမောင်နှမများအဖွဲ့မှ ကျိုင်းတုံမြို့မဈေးကြီးတွင် တေးသီးချင်းများဖြင့် ကုသိုလ်ယူဖျော်ဖြေသီဆိုကာ ရန်ပုံငွေရှာဖွေခဲ့ကြကြောင်း သိရသည်။

ထိုသို့ တေးသီးချင်များဖြင့် ကုသိုလ်ယူဖျော်ဖြေသီဆိုရာတွင် အဆိုတော် လီဂါ၊ အဆိုတော် အာဒိုနှင့် ဂီတအနုပညာရှင်ညီအကိုမောင်နှမများက ကျိုင်းတုံမြို့မဈေးကြီးတွင် သီဆိုဖျော်ဖြေခဲ့ကြပြီး အလှူခံရရှိသည့် ရန်ပုံငွေများကို ကျိုင်းတုံမြို့နယ်အတွင်း စက်တင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့သည့်နေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ အစားအသောက်ထောက်ပံ့ရေးလုပ်ငန်းများနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် အသုံးပြုရန် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)