ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရှင်းလင်းဆွေးနွေးပွဲ၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုပွဲများသို့တက်ရောက်၊ ဆီထွက်သီးနှံများ တိုးချဲ့နိုင်ရေး တောင်သူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား စက်တင်ဘာ ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့၌ ရောက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၇) နာရီက ပူတာအိုမြို့ မနက်ဈေးသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်မောင်ထွေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများသည် စစ်ဗျူဟာအဖွဲ့(အခြေချ) ပူတာအို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ မြို့မရပ်ကွက် အတွင်းရှိ ပြည်တွင်း/ ပြည်ပခရီးသွားအားအထိက စွဲဆောင်ရာနေရာတစ်ခုဖြစ်သည့်အပြင် ဒေသ ထွက် သဘာဝဆေးမြစ်၊ သစ်ဥသစ်ဖုများ၊ အသီးအနှံများ ရောင်းချရာနေရာတစ်ခုဖြစ်သည့် မနက်ဈေး သို့သွားရောက်ပြီး ဈေးအတွင်း သား/ငါးနှင့် အခြေခံစားသောက်ကုန်များ ပြင်ပပေါက်ဈေးထက်ပိုမို ချိုသာဈေးနှုန်းဖြင့် ရောင်းချနေမှု၊ ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန်နှင့် စားဆီများအား ပေါက်ဈေး၏ ထက်ဝက်ဈေးဖြင့် ရောင်းချပေးနေမှု၊ မနက်ဈေးအတွင်း ဒေသထွက် ဟင်းသီး၊ ဟင်းရွက်အသီးအနှံများ၊ ငါးများရောင်းချနေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး အရောင်းအဝယ်ဖြစ်ထွန်းမှု အခြေအနေများနှင့် ဈေးနှုန်းများကို မေးမြန်းခဲ့ကြကာ ဝယ်ယူအားပေးခဲ့ကြသည်။

ယင်းနောက် ခရိုင်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ခရိုင်/မြို့နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ် မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ် မှုလုပ်ငန်းများ တိုးတက်မြင့်မားရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကို ခရိုင်အလိုက် ခွဲဝေချထားပေးခဲ့ပြီး ပထမနှစ်စက်ဝန်းတွင် ပူတာအိုခရိုင်အတွင်း သိန်းပေါင်း (၁၀၀၀၀)ကျော် ရင်းနှီး မတည်ပေးနိုင်ခဲ့သည့်အပြင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့် အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပါ ကြောင်း၊ ယခုနှစ်ဒုတိယနှစ်စက်ဝန်းကိုလည်း ဆက်လက်အကောင်အထည်ဖော်ရာတွင် ပူတာအိုခရိုင် အတွင်း လုပ်ငန်းကဏ္ဍအလိုက် ချေးငွေကျပ်သန်း (၁၇၆၀)ကို ရင်းနှီးမတည်ပေးနိုင်ခဲ့ပါကြောင်း၊ ဒါ့အပြင် ရန်ပုံငွေများကို စီမံခန့်ခွဲရာတွင် ဒေသရှိပြည်သူများ တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွားတိုးတက်မြင့်မားလာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အကျိုးရှိထိရောက်ပြီး လုပ်ငန်းများအောင်မြင်အောင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းက ပူတာအိုခရိုင်အတွင်း (၂၀၂၄-၂၀၂၅) ခုနှစ် ဝမ်းစာဖူလုံရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ပူတာအိုခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပထမနှစ်စက်ဝန်းတွင် ပံ့ပိုးချေးငွေ ထုတ်ချေးထားရှိမှုအပေါ် အတိုးငွေများ ကောက်ခံရရှိမှုအခြေအနေများ၊ ဒုတိယနှစ်စက်ဝန်းတွင် ပံ့ပိုးချေးငွေထုတ်ချေးထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရွှေတောင်ခေါက်ဆွဲလုပ်ငန်းအတွက် ပံ့ပိုးမတည်ငွေကျပ်သိန်း (၂၀၀)နှင့် စူပါဝါးတူလုပ်ငန်းအတွက် ပံ့ပိုးမတည်ငွေကျပ်သိန်း (၅၀၀)ကို လွှဲပေးကြာင်း ပေးအပ်ခဲ့သည်။

ယင်းနောက် ပူတာအိုခရိုင်အတွင်း မူးယစ်ပပျောက်ရေး အထောက်အကူပြု သက်မွေးဝမ်း ကျောင်းဆိုင်ရာ ဒေသကြက်၊ ဒေသဝက်များအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွေးမြူရေးတောင်သူများထံ ‌ဒေသ ကြက်နှင့် ဒေသဝက်များ၊ မွေးမြူရေးအထောက်အကူပြုဆေးဝါးများ၊ ရောစပ်အစာနုအိတ်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပူတာအိုမြို့၊ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12)တွင် ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများနှင့် ထူးချွန်ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ ကြရာ ကျောင်းသား/ ကျောင်းသူလေးများက အသီးတစ်ရာအညှာတစ်ခု တေးသီချင်းသရုပ်ဖော်ဖြင့် ကပြဖျော်ဖြေ ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဆိုသည်မှာ နိုင်ငံသားတစ်ဦးချင်းစီ၏ ဘဝ အဆင့်အတန်း တိုးတက်မြင့်မားရန် အခွင့်အလန်းများကို ဖန်တီးပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့ရပ်ရွာ အလိုက်၊ အသိုက်အဝန်းများတွင် အောင်မြင်မှုများ ဖြစ်လာနိုင်ရုံသာမက အမျိုးသားလူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း တက်ကြွစွာ ပါဝင်ဦးဆောင်နိုင်ရန်အတွက် အထောက်အကူပြုပေးခြင်းကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ပူတာအိုခရိုင်အတွင်းရှိ ဂုဏ်ထူးရထူးချွန် ကျောင်း သား/ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ခြင်းပင် ဖြစ်ပါကြောင်း၊ ထို့အပြင် ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဝိုင်းဝန်းကြိုးစားကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြညနယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က အောင်ချက်အကောင်းဆုံးမြို့နယ်နှင့် ကျောင်းများ၊ ဂုဏ်ထူး(၃) ဘာသာရ ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဂုဏ်ထူး(၂)ဘာ သာရ ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊  တက္ကသိုလ်ဝင် စာမေးပွဲအတွက် အလှူငွေများ ပါဝင်ကူညီလှူဒါန်းပေးအပ်သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့သို့ဂု ဏ်ပြုရာ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပူတာအိုခရိုင်အတွင်း ပညာရေးကဏ္ဍများအား ရှင်းလင်းတင်ပြပြီး တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များအတွက် ထောက်ပံ့ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစီအစဉ်ဖြင့် ကျောင်းသား/ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးအပ်ထားသည့် သင်ရိုးပုံနှိက်စာအုပ်များနှင့် ဗလာစာအုပ်များကို ထောက်ပံ့‌ပေးအပ်ခဲ့ပြီး အခြေခံပညာ ကျောင်းသား/ကျောင်းသူများ၏ ဇာတိမာန်တေးသီချင်း ဖြင့် ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် လမ်းဦးစီးရပ်သာ ဧည့်ခန်းမဆောင်၌ ခရိုင်အတွင်းရှိ ဘာသာရေးအသင်း အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသ ဆန်ဖူလုံရေးအတွက် (၃)နှစ်အတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ လာမည့်နှစ်စတင်၍ စားဆီဖူလုံရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ လမ်းပန်းဆက်သွယ်ရေးကောင်း မွန်ရေးစသည့်ကိစ္စများတွင် အားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး ဘာသာရေးခေါင်းဆောင်များ၏ မြေယာကိစ္စရပ်အပါအဝင် လိုအပ်ချက်များ တင်ပြမှုများကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့်အတူ ပူတာအိုမြို့ ဟိုခိုရပ်ကွက်အတွင်းရှိ ဇေယျာသိဒ္ဓိကျောင်း ဟိုခိုဘုန်းတော်ကြီးကျောင်းသို့ သွား‌ရောက်ပြီး ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်အား သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆန်၊ ဆီနှင့် ဝတ္ထု ငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ အစီအစဉ်ဖြင့် သာကူချို တိုက်ကျွေးခဲ့၍ ရင်းရင်းနှီးနှီး လိုက်လံနှုတ်အားပေးခဲ့ကြပြီး ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပူတာအိုဒေသ စားဆီဖူလုံရေးစီမံချက်တစ်ရပ်အနေဖြင့် ဆောင်းသီးနှံအဖြစ် ပန်းနှမ်းစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဝမ်းစာဖူလုံရေးအတွက် မိမိတို့ အားလုံး၏ ကြိုးပမ်းမှုဖြင့် ယခုနှစ်တွင် ဆန်ဖူလုံမှု ရာနှုန်းပြည့်ဖြစ်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခု ဒေသစားဆီဖူလုံရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရာတွင်လည်း အားလုံးက တစ်ညီတစ်ညွတ်တည်း (၃)နှစ်အတွင်း စားသုံးဆီဖူလုံစေရေး ဝိုင်းဝန်းကြိုးစားကြ ရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ခရိုင်စိုက်ပျိုးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ပူတာအိုခရိုင် ဆန်ဖူလုံရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ (၃)နှစ်စီမံကိန်းဖြင့် ထောက်ပံ့ပေးခဲ့မှုအပေါ် ဆန်ဖူလုံမှုရာခိုင်နှုန်း အခြေအနေများ၊ ဆီဖူလုံရေးအတွက် ပန်းနှမ်းစိုက်ပျိုးမှု တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် တောင်သူများက ပန်းနှမ်းစိုက်ပျိုးနိုင်ရေး လိုအပ်သည်များ ထောက်ပံ့ပေးနိုင်ရေး တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်အပေါ် ပံ့ပိုးကူညီ၍ ဖြည့်ဆည်းဆောင်ရွက်သွားပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း‌ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)