မိုင်းယု စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club နှင့် Youth Club အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ သန်းစိုးအောင်ရေးသားသည့် “နှလုံးသား ပဲ့တင်သံ” ကိုယ်တွေ့ဝတ္ထုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအားချာက လူငယ်များအနေဖြင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် စာဖတ်ခြင်းမှရရှိသည့် သုတ/ရသမှတ်စုများသည် အတွေးအမြင်သစ်များရရှိပါကြောင်း စသည့် စာဖတ်ဝိုင်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်နှင့်အတူ “နှလုံသား ပဲ့တင်သံ”ခေါင်းစဉ်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် Youth Club အသင်းဝင် ဒေါ်ဆုမြတ်မော်က “အသိနှင့် ဆန္ဒအားပြိုင်ရာဝယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းကောင်ကျောက်က “ဘဝရဲ့အလိုအပ်ဆုံးအရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်အား ပြသပေးခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်