လဲချား စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ဓမ္မစကူးလ်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကျောင်းကို သီရိမင်္ဂလာအုဋ်ကျောင်း၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဓမ္မစကူးလ်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကျောင်းအား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၁)နာရီအချိန်တွင် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းမှ သားသား/မီးမီးလေးများ (၃၀၀)ကျော်အတွက် ဌာနဆိုင်ရာများမှ ကြာဇံကြော်အာဟာရများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်၊ ပြန်/ဆက်)