ညောင်ဦးမြို့နယ်၌ မီးဘေးကြောင့်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းအား ထောက်ပံ့ငွေကပ်လှူ

ညောင်ဦး စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အမှတ်(၃)ရပ်၊ ငှက်ပစ်တောင်ရပ်ကွက်ရှိ ငှက်ကြီးခေါင်းကျ ဘုန်းတော်ကြီးကျောင်း မီးဘေးကြောင့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည့် ဘုန်းတော်ကြီးကျောင်းအတွက် ရန်ပုံငွေ ပေးအပ်ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက် နံနက် ၁၀ နာရီအချိန်က ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ဆုံးရှုံးမှုကြောင့် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးစောထွန်းဝင်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူသွဲ့သွဲ့အောင်တို့မှ မီးဘေးကြောင့် လုံးဝပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းဆောင်ပစ္စည်းဖိုး ရန်ပုံငွေ (၃၀၀၀၀၀)ကျပ်အား ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း