နောင်တရားမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်း ဖွင့်လှစ်

ဆီဆိုင် စက်တင်ဘာ ၂၃

၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့အထိ ၇ ရက်မြောက်နေ့အဖြစ် သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်းကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် စတင်သင်ကြားခဲ့ပြီး ၇ ရက်နေ့မြောက်အဖြစ် သင်ကြားလျက်ရှိသည်။ အဆိုပါ သင်တန်းတွင် လူဦးရေနှင့်အိမ်အကြောင်းအရာများကို မှန်ကန်စွာစာရင်းကောက်ယူနိုင်ရေးအတွက် အီလစ်ထရောနစ်နည်းပညာဖြင့် ကောက်ယူနိုင်ရေးအတွက် စာတွေ့လက်တွေ့များဖြင့် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို နည်းပြဆရာ/ဆရာမ (၆) ဦးဖြင့် သင်ကြားပို့ချလျက်ရှိပြီး သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ (၈၀)ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ သင်ကြားဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ခွန်အောင် (နောင်တရား)