စဉ့်ကိုင် စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုံး ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး မြစ်ချောင်းများအနီတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်နှင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုစသည့် သဘာဝဘေးအန္တရာယ်များ ကျရောက် နိုင်သည့်အတွက် ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မင်းဆင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး ဦးဇော်မျိုးထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဘယ်လင်းကျေးရွာ အုပ်စုမှ၊ သပြေပင်၊ ဉာဏ်ကွေ့၊ တောမကျေးရွာအုပ်စုမှ ပတ္တာ၊ ပင်းချား၊ မိုးကောင်းကျေးရွာအုပ်စုမှ စံပြ၊ ဇော်ဂျီ၊ ဧည့်ပြကျေးရွာအုပ်စုမှ မှက္ခရာ၊ကျွန်းဦး၊ ထန်းတောကျေးရွာအုပ်စုမှ ထန်းတောကျေးရွာ၊ စော်ရဲကျေးရွာအုပ်စုမှ စော်ရဲကျေးရွာများတွင် မုန်တိုင်းဘေး၊ ရေကြီးရေလျှံဘေး၊ မြေပြိုဘေးအန္တရာယ် အကြောင်းများ အသိပညာပေး ကြော်ညာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)