ရမည်းသင်း စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်မြင့်မော် ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အတွင်း ရေဘေးသင့် မိုးရေကြီးပြီး ရေကြီးရေလျှံဖြစ်ကာ ရေနစ်မြုပ်ခြင်း၊ ရေဝင်ခြင်းများ ဖြစ်ခဲ့သော ရပ်ကွက်၊ ကျေးရွာ (၆၆) နေရာတို့တွင် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့(၆)ဖွဲ့မှ ကျန်းမာရေးဝန်ထမ်းကျန်းမာရေး ဝန်ထမ်း(၇၅)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌ မိုးရွာသွန်ခြင်းကြောင့် ရေးဘေးသင့် အိမ်ထောင်စု (၁၅၀၂၄)စု၊ ရေဘေးသင့်ပြည်သူ ၅၄၀၂၃ ဦးရှိပြီး ရေဘေးသင့် ပြည်သူများ (၄၁၈၉)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ပြည်သူ (၂၈၇၂၅) ဦးအား အသိပညာပေးခြင်း၊ ရေအရင်းအမြစ်များဖြစ်သည့် ရေတွင်းရေလှောင်ကန်(၁၀၁၃)ခုအား ရေသန့်စင်စေရန် ကလိုရင်းဆေးခပ်ခြင်း၊ အစားအစာ ဘေးကင်းရှင်းရေးအတွက် စစ်ဆေးခြင်းနှင့် ရေသန့်ဆေးပြားခတ်ခြင်းများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် အသိပညာပေးခြင်းများအား ၁၂.၉.၂၀၂၄ ရက်နေ့မှစ၍ ယနေ့ထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)