ကျောက်ဆည် စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ အလှူရှင်များက ကျောက်ဆည်မြို့နယ်တွင် ရေဘေးသင့်ခဲ့သော ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ တိုင်းပညာရေးမှူးရုံးမှ (စီမံ၊ဘဏ္ဍာ)ညွှန်ကြားရေးမှူး ဦးကြည်စိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ပညာရေမှူးရုံးမှ ဒုတိယပညာရေးမှူး(စီမံ) ဦးအောင်ဇော်ဝင်းတို့က စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊ ရေသန့်များနှင့် ဆန်များကို ထောက်ပံ့ပေးအပ်ရာ ကျောက်ဆည်ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်၊ မြို့နယ်ပညာရေးမှူး ဦးအေးလင်းနှင့် တာဝန်ရှိသူတို့က လက်ခံခဲ့ယူခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် ရေဝင်ရောက်ခဲ့သည့် အခြေခံပညာကျောင်း(၅၄)ကျောင်း၊ ကျောင်းသား/ ကျောင်းသူ(၄၇၀၈)ဦးရှိကြောင်း သိရသည်။
သက်မောင်၊(ကျောက်ဆည်)