စဉ့်ကိုင်မြို့နယ်၌ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော ကျေးရွာချင်းဆက်လမ်းများအား ပြန်လည်ပြုပြင်ဆောင်ရွက်

စဉ့်ကိုင် စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပန်းလောင်မြစ်ရေဝင်ရောက်မှုတို့ကြောင့် လမ်းကြောင်းပြတ်တောက်ပျက်စီးသွားသည့် ကျေးလက်လမ်းများအား ကျေးလက်နေပြည်သူများ လတ်တလော သွားလာရေး အဆင်ပြေစေရန် မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြန်လည်ပြုပြင်ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက စတင်၍ ရသာ-နန်းနီ-အုန်းလက်ကောက်ကျေးရွာချင်းဆက်လမ်းအား ဂျင်းမြေခင်းခြအုန်းလက်ကောက်ကျေးရွာချင်းဆက်လမ်းတွင် ပျက်စီးခဲ့သော လမ်းပိုင်းနေရာများအား စက်ကိရိယာများဖြင့် ဂျင်းမြေခင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆို​ပါလမ်းသည် ​အကျိုးပြုအိမ်ခြေ (၉၉၂) အိမ်ရှိကြောင်း နန်းနီ (တောင်+မြောက်)မြေတော်မြောက်အင်း၊ အုန်းလက်ကောက်ကျေးရွာတို့မှ ဆက်သွယ်သွားလာနေသော ကျေးရွာခြင်းဆက်လမ်းဖြစ်ကြောင်း ကျေးလက်နေပြည်သူများ လတ်တလောသွားလာရေး အဆင်ပြေစေရန် ဂျင်းမြေခင်းခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)