ညောင်ဦး စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ရပ်ကွက်ကျေးရွာနှင့်ကျောင်းစာ ကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံပညာ စာကြည့်တိုက်သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ညောင်ဦးခရိုင် အခြေခံပညာဦးစီးဌာန၊ ခရိုင်ပညာရေးမှူး ဦးကျော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ၊ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်တို့အား ရှင်းလင်းပြောကြားသည်။ အဆိုပါ အခြေခံပညာ စာကြည့်တိုက်သင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကာ အခြေခံပညာစာကြည့်တိုက်သင်တန်းသို့ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ၊ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းမှ ဆရာ/မများတက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းသားသင်တန်းသူ (၃၆)ဦးရှိကြောင်း သိရသည်။
ဒီပါလင်း