ညောင်ဦး စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း လျှပ်စစ်မြစ်ရေတင်များနှင့် မိုးသီးနှံစိုက်ပျိုးထားရှိမှုတို့အား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ယနေ့နံနက် ၈ နာရီအချိန်ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း မိုးသီးနှံစိုက်ပျိုးထားမှု၊ ဆီထွက်သီးနှံစိုက်ပျိုးထားရှိမှု၊ မိုးစပါးစိုက်ပျိုးထားရှိမှု၊ ပဲစင်းငုံ၊ ပင်ထောင်မြေပဲ၊ ပင်ပြန့်မြေပဲစိုက်ပျိုးထားရှိမှုတို့အား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနန်းတင့်၊ အဖွဲ့ဝင်ဦးဆန်းထွန်းဦးတို့က ကွင်းဆင်းစစ်ဆေးရာ မိုးသီးနှံစိုက်ပျိုးထားရှိမှု၊ ဆီထွက်သီးနှံ၊ မိုးစပါးစိုက်ပျိုးထားရှိမှုတို့အား ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်ဌေးရီကရှင်းလင်းခြင်း၊ လောကနန္ဒာလျှပ်စစ်မြစ်ရေတင်ဖြင့် ရေတင်ပေးဝေမှု၊ ရေမြောင်းများပြင်ဆင်ထားရှိမှု၊ ရေပေးစိုက်ပျိုးခြင်းတို့အား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းထွေးက ရှင်းလင်းပြောကြားသည်။
ညောင်ဦးမြို့နယ်တွင် ပင်ထောင်မြေပဲနှင့်ပင်ပြန့်မြေပဲ ဆီထွက်သီးနှံ စိုက်ပျိုးထားရှိမှု ၁၁၆၅၈၈ ဧက၊ ပဲစင်းငုံ ၁၁၃၅၆ ဧက၊ ပဲတီစိမ်း ၁၂၅၃၇ ဧက၊ မိုးစပါးစိုက်ပျိုးထားရှိမှု ငါ့သရောက်မြစ်ရေတင်ဖြင့် ၁၂၉ ဧက၊ လက်ပံခြေပေါ် မြစ်ရေတင်ဖြင့် ၈၅ ဧက၊ သူကောင်းတည်မြစ်ရေတင်ဖြင့် ၆၅ ဧက၊ ကျောက်ကူးမြစ်ရေတင်ဖြင့် ၁၆၀ ဧက၊ လောကနန္ဒာမြစ်ရေတင်ဖြင့် မိုးစပါး ၃၄၆ ဧက စိုက်ပျိုးထားရှိကြောင်းသိရသည်။
ဒီပါလင်း