ကျောက်ပန်းတောင်း စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာတွင် စက်တင်ဘာ (၂၀)ရက်နေ့ ညပိုင်း မိုးရွာသွန်းမှုကြောင့် ပုပ္ပား-မြင်းခြံသွား ကားလမ်း လမ်းဆုံ၊ မိုင်တိုင်- ၄၀၀/၅ ရှိ၊ စိန်ပန်းပင် ဂွဆုံမှ ပဲ့ကျကာ လမ်းပိတ်ဆို့မှုဖြစ် ပေါ်ခဲ့သဖြင့်၊ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်က ပုပ္ပားနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်း ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်တိုင်- ၄၀၀-၅ တွင် မိုးရွာသွန်းမှုကြောင့် လုံးပတ် ၂ပေခွဲ၊ အမြင့် ၂၀ ပေခန့်ရှိ စိန်ပန်းပင်မှာ ဂွဆုံမှ ပဲ့ကျကာ၊ ကားလမ်းမပေါ်တွင် ကန့်လန့်ဖြတ့် ပိတ်ဆို့နေခဲ့ကြောင်း သတင်းပေးပို့မှုအရ၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပုပ္ပားနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းဖယ်ရှားပေးခဲ့ရာ၊ နံနက် ၉:၄၀ နာရီတွင် မော်တော်ယာဉ်များ ဖြတ်သန်း သွားလာနိုင်ကြောင်း သိရပြီး၊ အဆိုပါ သစ်ပင်ကိုင်းပဲ့ကျမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)