ရန်ကုန် စက်တင်ဘာ ၂၂
ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးမှ အလှူရှင်များ၏ အလှူငွေပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က တိုင်းဒေသကြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်၊ အလှူရှင်ပြည်သူများ၏ လှူဒါန်းငွေများကို လက်ခံရယူပေးကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ယနေ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် ပစ္စည်းတန်ဖိုးငွေ ကျပ် ၈၄၄၇၆၂၇၆ ကျပ်၊ ငွေသားတန်ဖိုးငွေ ကျပ် ၇၂၂၉၇၂၄ဝဝ စုစုပေါင်း ငွေကျပ် ၈၀၇၄၄၈၆၇၆ ကျပ်တိတိ ရရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)