ညောင်ဦးမြို့နယ်အတွင်း လေပြင်းတိုက်ခိုက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များ လဲကျမှုများပြားကာ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဖယ်ရှား

ညောင်ဦး စက်တင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း စက်တင်ဘာ ၂၀ ရက်၊  ည ၈ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်ခြင်း၊မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့်အတူ သစ်ပင်ကြီးများ လဲကျမှုဖြစ်ကာ လမ်းပိတ်စို့လဲကျနေသည့် သစ်ပင်ကြီးများအား ညောင်ဦးခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ ကူညီရေးအသင်းများက ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခိုက်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ်(၄)၊ သီရိပစ္စယာတိုးချဲ့ရပ်ကွက် ညဈေးတန်းလမ်းပေါ်တွင် ပင်လယ်ကဗွီးပင်လဲကျကာ လမ်းမကြီးပေါ်ပိတ်ဆို့နေခြင်းနှင့် AGD ဘဏ်ရုံးပေါ်သို့ လဲကျပိနေခြင်း၊ ၄၀ ကေဗွီဓာတ်အား လိုင်းပေါ်လဲကျဓာတ်ကြိုးများ ပြတ်တောက်နေခြင်း၊ အမှတ်(၆)အောင်မြေသာရပ်ကွက်၊ ညောင်ဦး-ကျောက်ပန်းတောင်းသွား ဂွတ်ရှယ်စားသောက်ဆိုင်ရှေ့ ထနောင်းပင်လဲကျမှုကြောင့် ကားလမ်းမပိတ်ဆို့ နေခြင်း၊ အမှတ်(၃)ရပ်ကွက် ၊မြန်မာ့ဆက်သွယ်ရေးရုံးရှေ့ နှစ်လမ်းသွားလမ်း မပေါ်တွင် ကုက္ကိုပင်လဲကျနေခြင်း၊ ပုဂံမြို့ဟောင်း အာနန္ဒာဘုရားတောင် ဘက်နှစ်လမ်းသွား လမ်းမပေါ်တွင် ထနောင်ပင်လဲကျလမ်းပိတ်စို့နေခြင်းတို့အား စက်တင်ဘာ ၂၀ ရက် ၊ ည ၁ နာရီ အချိန်ထိ ရှင်းလင်းဖယ်ရှားပေးခဲ့ကာ စက်တင်ဘာ ၂၁ ရက်၊ နံနက် ၆ နာရီအချိန်မှစတင်ကာ ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက် ဦးကျော်သက်၏ နေအိမ်အတွင်း ဗန်ဒါပင်လဲကျနေခြင်း၊ အမှတ်(၃)၊ ငှက်ပစ်တောင်ရပ်ကွက်၊ ငှက်ပစ်တောင်ဘုရား အုတ်စောင်းတန်းပေါ်တွင် ထနောင်းပင်လဲကျနေခြင်း၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ကျောက်ဆစ်ကန်ကျေးရွာ၊ ခရိုင်မွေးမြူရေးခြံဝင်းအတွင်း ကြီးမားသည့်  ကုက္ကိုပင်လဲကျနေခြင်းတို့အား ညောင်ဦးခရိုင် ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်လင်းနိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ၊ ပုဂံနယ်မြေမီးသတ်စခန်း၊ တောင်ဇင်းနယ်မြေ မီးသတ်စခန်း၊ ငါ့သရောက်နယ် မြေမီးသတ်စခန်းနှင့် စဉ့်ကူးနယ်မြေမီးသတ်စခန်းမှ တာဝန်ခံများဦးဆောင်ကာ အထောက်အကူပြုယာဉ် (၄)စီး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက လဲကျသစ်ပင်များအားကူညီ ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း