ကလောမြို့၌ ရေကြီး၊ရေလျှံမှုဖြစ်ပွားခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်

ကလော စက်တင်ဘာ ၂၂ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရေပြန်ကျသွားသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် ကလောတပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာနေ ဒေသခံပြည်သူများ ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး၊ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်း အမြန်ဖွင့်လှစ်နိုင်ရေး၊ လျှပ်စစ်မီးပြန်လည်ရရှိရေးတို့ ဦးစားပေးဆောင်ရွက်ခဲ့ကြပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ မြို့ပေါ်ရပ်ကွက်များ အလှည့်ကျစနစ်ဖြင့် သောက်သုံးရေများ ပြန်လည်ပေးဝေလျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း၊ သောက်ရေများ အဆင်ပြေစေရေးအတွက် ရေသန့်စက်များ တည်ဆောက်ကာ သောက်ရေသန့်များ ဖြန့်ဝေလျက်ရှိကြောင်း၊ ကလောမြို့မစျေးအား ပုံမှန်ပြန်လည်ရောင်းချနေပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)