လယ်ဝေး စက်တင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စက်တင်ဘာ ၁၉ရက်မှစတင်၍ သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဆီဆုံကုန်းကျေးရွာ မူလွန်ကျောင်းတွင် လယ်ဝေးခရိုင်ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးရွှေ ဦးဆောင်သည့် အမှတ် (၂) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း(ဝက်ထီးကန်)မှ ရဲတပ်သားသစ် သင်တန်းသား ၅၃ ဦး၊ သာဝတ္ထိတိုက်နယ်မီးသတ်၊ မြို့နယ်ထွေ/အုပ်၊ မူလွန်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများပါဝင်သည့်အဖွဲ့သည် မီးသတ်ယာဥ်၊ ရေစုပ်စက်များ အသုံးပြု၍ ကျောင်းဝန်းအတွင်းရှိ လျှောက်လမ်းများ၊ စာသင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂများပေါ်တွင် တင်ကျန်ရစ်သည့် နုန်းမြေများ၊ အမှိုက်များအား သန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
အလားတူပင် ရေကာအုပ်စု၊ ဗွက်ကြီးရိုးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဝင်းအတွင်းနှင့် စာသင်ဆောင်အတွင်းသို့ ရေဝင်ရောက်မူကြောင့် အမိူက်များနှင့် နုန်းများအား အမှတ်( ၂ ) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း (ဝက်ထီးကန်) ပြည်မြို့မှ ရဲတပ်သားသစ်သင်တန်းသား ၅၃ ဦး၊ အေလာရဲစခန်း၊ မြို့နယ်ထွေအုပ်မှ ဒုမြို့နယ်အုပ်ချုပ်ရေးမူး ဦးနိူင်လင်းထွန်းနှင့် ဝန်ထမ်းများမြို့နယ်မီးသတ်မှ လက်ထောက်ညွန်ကြားရေးမူး ဦးဝင်းကျော် နှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။ထို့နောက် မွန်းလွဲပိုင်းတွင် ဗွက်ကြီးရိုးကျေးရွာ၊သာဓုနန္ဒရာမကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေး ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)