မြစ်ကြီးနား စက်တင်ဘာ ၂၁
ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့၌ရောက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၈ နာရီက မချမ်းဘော မြို့နယ်သို့ သွားရောက်ခဲ့ကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်မောင်ထွေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စစ်ဗျူဟာအဖွဲ့(အခြေချ) ပူတာအို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မချမ်းဘောမြို့နယ် အတွင်းရှိ ကောင်းမူလုံကျေးရွာအတွင်း မလိခမြစ်ကမ်းဘေး၌ တည်ထားကိုးကွယ်တော်မူသည့် ရှေးဟောင်းသမိုင်းဝင် ကောင်းမူလုံစေတီတော်သို့ သွားရောက်ခဲ့ကြပြီး စေတီတော်အား ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်ခဲ့ကြပြီး စေတီတော်ဧည့်သည်မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့ကာ စေတီတော် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကိုးနဝင်းနဂါးဗိမ္မာန်တော်၌ ဆုတောင်းဆက်ကပ်ကြပြီး နဂါးစာများအား မြစ်အတွင်း သွန်းလောင်းပေးခဲ့ကြကာ စေတီတော်အား လက်ယာရစ်ပတ်ပူဇော်ကြည်ညိုခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မချမ်းဘောမြို့နယ် နမ်ခမ်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအတွင်း တောင်သူဦးရန်နန်းဖုန်ဆားရ်၏ ခြံဝင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ မတည်ငွေကျပ် (၁၀)သိန်းဖြင့် ထိုင်းငါးခုံးမကြီးကောင်ရေ (၈၀၀၀) မွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရင်းနှီးမတည် ပေးမှုဖြင့် ငါးမွေးတောင်သူများ စုဖွဲ့ဆောင်ရွက်လျက်ရှိသည့် နမ်ခမ်းမွေးမြူရေးနှင့် အထွေထွေသမဝါ ယမအသင်းပိုင်ပိုင်ရှင် ဒေါ်ဖုန်ရားနင်ဆားရ်၏ ခြံရှိ ငါးကန်အတွင်း တီလားပီးယားနှင့် ရွှေဝါငါးကြင်း များ မွေးမြူဖြစ်ထွန်းမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ မတည်ချေးငွေများ ထပ်မံချထားပေးနိုင်ရေးနှင့် လိုအပ်သည့် နည်းစနစ်၊ ငါးသားပေါက်များ၊ ငါးအစာများ ပံ့ပိုးပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ငါးမွေးတောင်သူများအတွက် ချီးမြှင့်ငွေများနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးအစာအိတ်များ၊ ငါးအစာဖိုးငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် မချမ်းဘောမြို့နယ် အင်ဘူးဘော့ကျေးရွာသို့ သွားရောက်ခဲ့ကြပြီး ကျေးရွာအတွင်းနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ ငွေကျပ် (၁၅) ရင်းနှီးမတည်ပေးမှုဖြင့် ဆောင်ရွက်လျက်ရှိသော တောင်သူ ဦးဇော်တောင်၏ ခြံ(၄)ဧက၌ ဂရိတ်ဖုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဂရိတ်ဖု ကိုင်းဆက်ပျိုးပင်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ခြံဝင်းအတွင်း ဂရိတ်ဖုပင်ပေါင်း (၈၀၀) ကျော်စိုက်ပျိုးထားရှိမှုများကို လည်းကောင်း၊ အလားတူအဆိုပါကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ မတည်ငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသော တောင်သူ ဦးနမ်မွန်ထင်၏ ခြံ (၃)ဧကအတွင်း နှစ်ရှည်သီးနှံများဖြစ်သည့် ဂရိတ်ဖုသီးပင်၊ ဘုရင်သီးပင်များနှင့် အမေရိကန်သံပုရာပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးပေးနိုင်ရေးနှင့် နည်းစနစ်ကျစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မချမ်းဘောမြို့ ဂူးဘားခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအို ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် နည်းလမ်းများရှာဖွေပြီး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒေသနေပြည်သူများနှင့် ဝန်ထမ်းများ အဆင် ပြေစေရေး အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်ဒေသတွင်း ဆန်ဖူလုံမှုရှိစေရေး (၃)နှစ်အတွင်း ကြိုးပမ်း ဆောင်ရွက်ခဲ့ရာတွင် ယခုနှစ်တွင်ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် ရိတ်သိမ်းချိန်အမီ လိုအပ်သည်များကိုလည်း အချိန်မီပံ့ပိုးပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိပါကြောင်း၊ ယခုနှစ်ဆန်စပါးရာနှုန်းပြည့် ပန်းတိုင်အထွက်နှုန်းရရှိပါက ဆန်ဖူလုံလာမည်ဖြစ် ပြီး နောက်တစ်ဆင့်အနေဖြင့်လာမည့်နှစ်မှ စတင်၍ ပူတာအိုဒေသ (၃)နှစ်အတွင်း စားဆီဖူလုံရေး အတွက် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး စီမံချက်ရေးဆွဲပြီး ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက်အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဌာနေတိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် ရဝမ်၊ လီဆူ၊ တိုင်းခမ်းတီ၊ ဂျိမ်းဖောစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးအဖွဲ့ အစည်းအသီးသီးမှ တာတန်ရှိသူများနှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာဆိုင်ရာ အရာထမ်း/အမှုထမ်းများအတွက် ဆန်အိတ် (၁၇၃)အိတ်နှင့် စားဆီပိဿာ (၇၆၀) တို့ကို တာဝန်ရှိသူများထံ အသီးသီးထောက် ပံ့ပေးအပ်ခဲ့ကြဒေသခံမြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထိုမှတစ်ဆင့် မချမ်းဘောမြို့မအမှတ်(၄)ရပ်ကွက်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် ၂၀၂၄-၂၀၂၅ ခုနှစ် အထွက်တိုး မိုးစပါး ဆင်းဧကရီ(၃) မျိုးစေ့ထုတ်စံပြစိုက်ခင်းအတွင်း ဆင်းဧကရီ (၃)မျိုးစပါးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား လည်းကောင်း၊ အင်ဘူး ဘော့ကျေးရွာရှိ ဆင်းဧကရီ(၃)အထွက်တိုး မိုးစပါးစိုက်ခင်းအတွင်း ဓာတ်မြေသြဇာနှင့် သဘာဝမြေ သြဇာ အချိုးကျရောစပ်ကြဲပက်ခြင်း တောင်သူအသိပညာပေး အခမ်းအနားသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ယင်းနောက် မချမ်းဘောမြို့ မြို့မ(၃)ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယ နှစ်စက်ဝန်းမှ ငွေကျပ်သိန်း (၁၀၀)ရင်းနှီးမတည်ပေးမှုဖြင့် တောင်သူ ဦးမရိန်ဖီ၏ ကျေးဇူးတော်ကြောင့်သာ စိုက်ပျိုးမွေးမြူရေးခြံ(၆)ဧက၌ နှစ်ရှည် သီးနှံပင်တစ်မျိုးဖြစ်သည့်အပြင် ဟင်းခတ် အမွေးကြိုင်တစ်မျိုးဖြစ်ပြီး ဒေသခံများအတွက် ဈေးကွက်ခိုင်မာသည့် အလေချီစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုနှင့် အလေချီအသီးများ စတင်သီးနေမှု၊ အသီးများအား အခြောက်ခံထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ထပ်မံပံ့ပိုးကူညီပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် မချမ်းဘောမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့်အပြင် ခရီးသွားဧည့်သည်များ စွဲဆောင်ရာနေရာတစ်ခုဖြစ်သည့် ကျောက်နဂါးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောက်နဂါး အောင်တော်မူစေတီတော်အား ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ထို့မှတစ်ဆင့် မချမ်းဘောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းအတွက် (၁၇.၉.၂၀၂၄) ရက် မှစတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသို့ သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို တစ်မျိုးသားလုံးနှင့် သက်ဆိုင်သောလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့သင်တန်းသား/သင်တန်းသူများအနေဖြင့် နိုင်ငံ တော်၏ လူမှုရေး၊ စီးပွားရေးကိစ္စရပ်များအတွက် မူဝါဒ၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်းရာ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စွာရရှိနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးက ပူတာအိုခရိုင်အတွင်း အောက်တိုဘာ (၁)ရက်နေ့မှ စတင်၍ ဆောင်ရွက်သွားမည့် လူဦးရေနှင့်အိမ်အကြောင်း အရာစာရင်းကောက်ယူနိုင်ရေး၊ ရပ်ကွက်/ကျေးရွာ စာရင်းကောက်ကွက်များအလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ကာခန်းမအတွင်း ခင်းကျင်းပြသထားသည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်