ရန်ကုန် စက်တင်ဘာ ၂၁
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် နာရေးကူညီမှုအသင်း သဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့မှ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ရေဘေးသင့်ပြည်သူအိမ်ထောင်စု (၇၀၀) အတွက် အလှူငွေ၊ အာဟာရ၊ ထောက်ပံ့ပစ္စည်းဆေးဝါးများကို သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရေဘေးလှူဒါန်းမှုတွင် သန်လျင်မြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းငွေများ၊ အဝတ်အထည်၊ မီးဖိုချောင်သုံးပစ္စည်းများဆေးဝါး၊ ရေသန့်၊ မုန့်မျိုးစုံ၊ စတီးဇလုံ၊ ရေခွက်အပါအဝင် အထွေထွေအိမ်သုံးပစ္စည်းများ ပါဝင်သည်။
သန်လျင်မြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ၊ ပစ္စည်းလှူဒါန်းလိုသူများအနေဖြင့် နာရေးကူညီမှုအသင်း၊ သဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့ ဖုန်း ၀၉-၅၁၀၂၀၁၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်ပြန်ဆက်)