မိုင်းစံ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာဘလ (၁၉) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲပြသခြင်းကို မိုင်းစံမြို့ ဝမ်လီ(မူလွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့်အတိုင်း လူတို့၏ မိတ်ဆွေစစ်များမှာ စာအုပ်များပင်ဖြစ်ကြောင်း၊ ပညာကိုလိုလျှင် စာဖတ်ကြရမည်ဖြစ်ကြောင်း၊ စာအုပ်တစ်အုပ်ကို ဖတ်နေခြင်းသည် မိမိတို့အိမ်မှ ပြတင်းပေါက်တစ်ပေါက်ကို ဖွင့်ထားခြင်းနှင့်တူပါကြောင်း၊ စာဖတ်ခြင်းသည် ကျောင်းသားလူငယ်များအတွက် စာပေသင်ကြား ရာတွင် အထောက်အကူဖြစ်စေရုံသာမက အထွေထွေဗဟုသုတကိုလည်း ရရှိစေနိုင်ကြောင်းနှင့်စပ်လျဉ်း၍ အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ကေသွယ်စိုးက ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပြစာအုပ်များ၊ ပုံပြင်စာအုပ်များပါ အသိပညာဗဟုသုတရရှိစေမည့်ခေါင်းစဉ်များကို ဖတ်ပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ပြန်လည်ရှင်းလင်းအသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှအသိပညာဗဟုသုတကြွယ်၀စေဖို့ စာပေအကြောင်းသိကောင်းစရာအသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)