ကလောမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်

ကလော စက်တင်ဘာ  ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရေနှစ်မြုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းမှစ၍ အဆိုပါစာသင်ကျောင်းပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

စာသင်ကျောင်းဖွင့်လှစ်သင်ကြားနေမှုအခြေအနေများကို ကလောတပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျောင်းသား၊  ကျောင်းသူများအား အတန်းပညာရေးကြိုးစားသင်ယူကြရန်နှင့် ကျောင်းပုံမှန်တက်ကြရန်မှာကြား ၍ အားပေးစကားပြောကြားခဲ့ကြသည်။

ရေနှစ်မြုပ်ခဲ့သည့် အဆိုပါကျောင်းကို စက်တင်ဘာလ ၁၃ ရက်နေ့တွင်ရေများပြန်လည်ကျဆင်းသွားသည့်အတွက် စာသင်ကျောင်းအမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် စက်တင်ဘာလ ၁၃ ရက်နေ့မှစ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် ကလော တပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများဦးဆောင်၍ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာနေဒေသခံပြည်သူများပူးပေါင်း၍ စာသင် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် စက်ယန္တရားများနှင့် စုပေါင်းလူအင်အားတို့ဖြင့် ရွှံ့နွံအမှိုက်များ ဆည်ယူခြင်း၊ စာသင်ခန်းများ၊ စာသင်ခုံများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ စာသင်ခန်းများအား ပိုးသတ်ဆေးဖျန်းခြင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)