တာလေ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း မွမ်းမံစက်ချုပ်နည်းပညာဖွင့်ပွဲအခမ်းအနားကို နားယောင်းကျေးရွာအုပ်စု၊ ဗေတလကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ခရိုင်မှူးဦးကျော်ခိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်သန်းသားခေါင်းဆောင်ဦးရွှေဟုန်းက သင်တန်းစည်းကမ်းပိုင်ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုသင်တန်းကို ပထမအကြိမ် ရက် (၃၀) ကြာဖွင့်လစ်ခဲ့ပြီး ဒုတိယအကြိမ်းမွမ်းမံသင်တန်းကို (၁၅) ရက်ကြာ ဆက်လတ်ဖွင့်လှစ်ပေးခြင်းဖြစ်၍ စုစုပေါင်း (၄၅) ရက်ကြာ ဖွင့်လစ်သင်ကြားပေးမည်ဖြစ်သည်။ ဤသင်တန်းကို စုစုပေါင်းသင်တန်းသူ (၁၁) ဦး တက်ရောက်ခဲ့သည်ပြီး သင်တန်းကာလပြီးဆုံးလျှင် ထူးချွန်သင်တန်းသူ (၅) ဦးကို ရွေးချယ်၍ ကျပ်(၁,၄၀၀,၀၀၀)သိန်းတန်ဖိုးရှိသည့် အပ်ချုပ်စက်များနှင့် လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ထောက်ပံ့သွားမည်ကြောင်း သိရသည်။
မိုးလရောင်(ပြန်/ဆက်)