မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ရေးသူ/ဖတ်သူစာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

မရမ်းကုန်း   စက်တင်ဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ရေးသူ/ဖတ်သူစာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မရမ်းကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မရမ်းကုန်းမြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ စာရေးဆရာမြေလတ်ထင်ကျော်မိုးက သုတ/ရသစာပေ ဖွံ့ဖြိုးရေးလုပ်ငန်းစဥ်များအကြောင်းကို ဆွေးနွေးသည်။

ဆက်လက်၍ စာရေးဆရာကျော်ထင်ရာဇာ(အင်းရွာ)ရေးထားသော မိဘမေတ္တာကိုဖော်ညွှန်းသည့် ''သစ်ပင်၏သစ်ပင်'' ရသဝတ္ထုတိုအား ဖတ်ကြားဆွေးနွေးရာ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)