လယ်ဝေး စက်တင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင် ရောက်မှု ကြောင့် မြို့ရှောင်လမ်းမှ ကွမ်းခြံကျေးရွာသို့သွားရောက်သည့်လမ်း နှစ်မိုင်ပျက်စီးခဲ့သည်။
အဆိုပါရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သည့် လမ်းပိုင်းများအား ယာယီသွားလာနိုင်ရန်အတွက် လယ်ဝေးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ backhole တစ်စီး၊ dump truck တစ်စီးဖြင့် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းနေရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဆောင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါပျက်စီးသွားသည့်လမ်းပိုင်းမှ ၀/၂.၅ မိုင် ပေ ၁၆၀၀ ခန့် ဆောင်ရွက်ပြီးစီးကြောင်းသိရသည်။
ဝေကြည်( ပြန်/ဆက်)