လယ်ဝေးမြို့နယ်အတွင်းရှိ ရေနစ်မြုပ်ခဲ့သည့်ကျေးရွာများတွင် ကျန်းမာရေးပညာပေးခြင်း ဆောင်ရွက်

လယ်ဝေး စက်တင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပေါ်ခဲ့သည်။

အဆိုပါရေကြီးနစ်မြုပ်သည့်ကျေးရွာများတွင် ပြည်သူများ ပြန်လည်နေထိုင်ရန်အတွက် သန့်ရှင်းရေး များ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာ၊ လယ်ဝေး ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်၊ ကျန်းမာရေးမှူးအဆင့်(၁)ဦးကျော်မိုးတို့ ဦးဆောင်၍ ကျန်းမာရေးမှူး ၅ ဦးပါ အဖွဲ့ ၇ ဖွဲ့ဖြင့် Bleaching powder ဖြင့် ရေတွင်များ Chlorination ပြုလုပ်ခြင်း၊ ရေကန်များ သောက်သုံးရေများ ကလိုရင်းဆေးများခတ်ပေးခြင်း၊ အိမ်သာများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ရှမ်းရွာ၊ ရုံးပင်ရွာ၊ ရေနီလေးရွာ၊ ပေါက်မြိုင်ရွာ၊ ကွမ်းခြံရွာ၊ လေးကသိန်းရွာ၊ မြောင်းမြရွာ၊ ဆီဆုံကုန်းရွာနှင့် ကြို့တန်း ရွာတို့၌ ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)