ချမ်းမြသာစည် စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁) ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀၂ x ၁၀၇ လမ်းရှိ Mingalar Mandalay Hotel မင်္ဂလာမန္တလေး၏ ဆယ်နှစ်ပြည့်အလှူ အခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ အိန္ဒိယ ကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal ၊ Consul General နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Mingalar Mandalay ဝင်းအတွင်းရှိ Mandalay Square Are ၌ New Star Light Construction Co., Ltd လုပ်ငန်းခွင်တာဝန်ခံ ဦးတင်ငွေမှ ဦးစီးပြီး စားဝတ်နေရေး အမှန်တကယ်ခက်ခဲသည့် အိမ်ထောင်စု ၅၀၀၀ အား အိမ်ထောင်စု တစ်စုလျှင် ဆန် ၃ ပြည်၊ ဆီ ၅၀ကျပ်သား၊ ကြက် သွန်နီ ၁ ပိဿာ၊ ငါးခြောက် ၁ ထုပ်၊ ကုလားပဲ ၅၀ကျပ်သား၊ လက်ဖက်၊ ပဲကြော် ၁ ထုပ်၊ အချိုမှုန့် ၁ ထုပ်၊ ခေါက်ဆွဲခြောက် ၁ ထုပ်၊ ငါးပိ ထောင်း ၁ ဘူး၊ ဆား ၁ ထုပ်၊ ၃၀၀၀ ကျပ်တန် ကူပွန်တို့အား လှူဒါန်းနေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့