ပုဗ္ဗသီရိ စက်တင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ဆင်သေချောင်း ရေများလျှံပြီး ရပ်ကွက်ကျေးရွာအချို့၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ သာသနိက အဆောက်အဦများအတွင်း ရေများဝင်ရောက်ခဲ့ပြီး ယခုအခါရေများ ပြန်လည်ကျဆင်းသွားသည့်အတွက် ယနေ့နံနက်ပိုင်းက ရွာတော်အုပ်စု၊ ရွာသစ်ကျေးရွာရှိ အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အင်အား (၂၂) ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အင်အား (၅၀) ဦး၊ အမှတ်(၂)ရဲလေ့ကျင့်သင်တန်းကျောင်းမှသင်တန်းသား (၅၀) ဦး၊ ယာဉ်ထိန်းရဲများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှအင်အား (၁၄) ဦးနှင့် မြို့နယ် စည်ပင်သာယာရေးမှ အင်အား (၂၀) ဦး၊ မြို့နယ်ပညာရေးဌာနမှ ဆရာ၊ ဆရာမ အင်အား (၂၀) ဦး မြို့နယ်ကျန်းမာရေးဌာနမှ အင်အား (၁၀) ဦးနှင့် စိန်ရတနာဖြိုးကုမ္ပဏီမှ တာဝန်ခံပါ (၅၀) ဦးတို့က ရွှံ့၊ နွံ တင်ကျန်ရစ်သောပစ္စည်းများ၊ အဆောက်အဦများ၊ စာသင်ခန်းများအတွင်း၌ ကျန်ရစ်ခဲ့သော ရွှံ့၊ နွံများ၊ အမှိုက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သန်းနိုင်ကျော်၊ အဖွဲ့ဝင်(၂)ဦးသန်းငွေ၊ အဖွဲ့ဝင်(၃)ဦးမြင့်ထွန်း၊ ရတဖ(၁၀)မှူး ယာယီဒုရဲမှူးကြီး ဟန်မင်းသော်၊ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်၊ စတက(၂၅)မှ ဒုအရာခံဗိုလ် ခင်မောင်တိုး၊ ယယတပ်ဖွဲ့မှ ဒုရဲအုပ်သန်းမြတ်စိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာသိမ့်သိမ့်ထွေး၊ စိန်ရတနာဖြိုးကုမ္ပဏီမှ တာဝန်ခံ ဦးအောင်ကိုဦးတို့က အနီးကပ်ကြီးကြပ်၍ မီးသတ်ယာဉ်နှစ်စီး၊ ရေသည်ကားတစ်စီးအသုံးပြုကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)