စဉ့်ကိုင်မြို့နယ်တွင် ရေဘေးသင့်ပြည်သူ့များအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်

စဉ့်ကိုင် စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေ၊ မြစ်ရေများ ဝင်ရောက်‌ခဲ့ပြီး ကျေးရွာအချို့ရှိ နေအိမ်များ ရေလွှမ်းမိုးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု‌ဦးစီးဌာနမှ ယနေ့နံနက်၁၀နာရီအချိန်က ရေဘေးသင့်ကျေးရွာများရှိ ရေးဘေးသင့်ပြည်သူ့များအတွက် ဆန်ရိက္ခာထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူမှူဝန်ထမ်းကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်နှင့် စဉ့်ကိုင်မြို့နယ်မှ ဌာနဆိုင်ရာများက ရေဘေးသင့်ပြည်သူ့တစ်ဦးလျှင် ၂၁၀၀ကျပ် နှုန်းဖြင့် မုန့်ပေါင်းကျေးရွာရှိ အိမ်ထောင်စု (၂၂)စုမှ လူဦးရေ (၉၄)ဦးအတွက် (၁၉၇၄၀၀)ကျပ်အားလည်းကောင်း၊ နန်းနီကျေးရွာရှိ အိမ်ထောင်စု (၅၀၆)စုမှ လူဦးရေ (၂၀၃၇)ဦးအတွက် ထောက်ပံ့ငွေ (၄၂၇၇၀၀)ကျပ်အား လည်းကောင်း၊ အုန်းလက်ကောက်ကျေးရွာရှိ အိမ်ထောင်စု (၁၈၁)စုမှ လူဦးရေ (၁၁၁၁)ဦးအတွက် ထောက်ပံ့ငွေ (၂၃၃၃၁၀၀)ကျပ်အားလည်းကောင်း၊ ရှမ်းရွာကျေးရွာရှိ အိမ်ထောင်စု(၂၆၇)စုမှ လူဦးရေ (၁၁၅၃)ဦးအတွက် ထောက်ပံ့ငွေ (၂၄၂၁၃၀၀)ကျပ်အားလည်းကောင်း၊ စော်ရဲကျေးရွာရှိ အိမ်ထောင်စု (၅၁၈)စုမှ လူဦးရေ (၁၉၈၅)ဦးအတွက် ထောက်ပံ့ငွေ (၄၁၆၈၅၀၀)ကျပ်အားလည်းကောင်း၊ ဝန်းသိုကျေးရွာရှိ အိမ်ထောင်စု (၃၃၃)စုမှ လူဦးရေ (၁၂၈၂)ဦးအတွက် ထောက်ပံ့ငွေ (၂၆၉၂၂၀၀)ကျပ်အားလည်းကောင်းကောင်း၊ ထန်းတော ကျေးရွာရှိ အိမ်ထောင်စု (၅၀၉)စုမှ လူဦးရေ (၁၈၅၀)ဦးအတွက် ထောက်ပံ့ငွေ (၃၈၈၅၀၀၀)ကျပ်အား လည်းကောင်း၊ လက်ပံချိုင့်ကျေးရွာရှိ အိမ်ထောင်စု (၂၀၇)စုမှ လူဦးရေ (၉၄၃)ဦးအတွက် ထောက်ပံ့ငွေ (၁၉၈၀၃၀၀) ကျပ်အား လည်းကောင်း၊ စုစုပေါင်းကျေးရွာ (၈)ရွာရှိ အိမ်ထောင်စု (၂၅၄၃)စုမှ လူဦးရေ (၁၀၄၅၅)ဦးအတွက် ထောက်ပံ့ငွေပေါင်း (၂၁၉၅၅၅၀၀)ကျပ်တိတိအား ၎င်းကျေးရွာများသို့အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)