ဥတ္တရသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးစပါး‌ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးမှုအပေါ် အထွက်နှုန်း မကျဆင်းရေး ပြန်လည်ပြုပြင်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ဥတ္တရသီရိ စက်တင်ဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါး‌ ရေကြီးနစ်မြုပ်ထိခိုက် ပျက်စီးမှုအပေါ် အထွက်နှုန်းမကျဆင်းရေး ပြန်လည်ပြုပြင်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက  မောင်းရမ်းကျေးရွာအုပ်စု၊ မောင်ရမ်းကျေးရွာ ကွင်းအမှတ်-၁၈၈၅၊ ဦးပိုင်အမှတ် (၈၈/၆)ရှိ တောင်သူ ဒေါ်သန်းအေး၏ လယ်မြေ ၄ ဒသမ ၀၀ ဧက မိုးစပါးစိုက်ခင်းတွင် ဆောင်ရွက်ခဲ့သည်။

ကွင်းသရုပ်ပြပွဲသို့ ဥတ္တရသီရိမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးမျိုးချစ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး ၂၀၂၄ ခုနှစ်၊ မိုးစပါး‌ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသည့် စိုက်ဧကများအား အထွက်နှုန်းမကျဆင်းရေး၊ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးမှုမရှိသည့် စိုက်ဧကများအား အထွက်နှုန်း ပိုမိုတိုးတက်စေရေးအတွက် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ သွင်းအားစု ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို အချိန်ကိုက် အချိုးကျသုံးစွဲခြင်းတို့ကို  တောင်သူများအား သိရှိလိုက်နာစေရန် ကွင်းသရုပ်ပြဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)