နမ့်စန်(တ) စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က သဘာဝဘေးအန္တရာယ်အမျိုးအစားများ၊ သဘာဝဘေးအန္တရာယ်ကြီးမားပုံနှင့် ထိခိုက်ပျက်စီးမှုများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားစေသောအကြောင်းအရာများနှင့် ကြိုတင်ကာကွယ်ရန်အတွက်လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရန်အချက်များစသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲသို့ အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူ (၆၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)