တံတားဦးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ

တံတားဦး စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အခြေခံပညာမူလတန်းကျောင်း သင်ပန်းကျေးရွာတွင် ကျောင်းသား/ သူများ ကျောင်းစာအပြင် အခြားထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် အ.မ.က (သင်ပန်း) ကျောင်းအုပ်ဆရာကြီး ဦးတင်စိုးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က စာဖတ်ရှိန်မြှင့်တင်ရေး၌ စာဖတ်ခြင်း၏အကျိုးကျေးဇူများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ဗဟုသုတတိုးပွားရရှိစေရေးအတွက် စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိရေးတို့ကို အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြများ၊ ပုံပြင်များ၊ ကာတွန်းစာစောင်များ စသည့်ကလေးစာပေများကို ဖတ်ရှုစေခဲ့ကြောင်း သိရသည်။

ထို့နောက် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး စသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျေင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည် ။

အလားတူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် တံတားဦးမြို့နယ် မကျည်းတောအခြေခံ ပညာမူလတန်းကျောင်းတွင်လည်း နေ့လည်ပိုင်းပိုင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)