တံတားဦး စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးထားသည့် မိုးသီးနှံများ ပျက်ဆီးဆုံးရှုံးမှုရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ရေကြီးနစ်မြှပ်ခဲ့ခြင်းကြောင့် အချို့လယ်ယာမြေများပေါ်တွင် နှုန်းမြေများစွာတင်ကျန် နေခြင်းများဖြစ်ပေါ်လျက်ရှိရာ မြေယာပြုပြင်မှုများ ပြုလုပ်ရန်လိုအပ်သည့်အတွက် အောက်တိုဘာလတွင် စိုက်ပျိုးနိုင်ခြင်း မရှိသော်လည်း နိုဝင်ဘာလအတွင်း ဆောင်းသီးနှံ အစားထိုးစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ထိုရေနစ်မှုကြောင့် တံတားဦးမြို့နယ်တွင် သဲမောင်းကန်ကျေးရွာတွင် ကွင်းပေါင်း(၄)ကွင်း၌ တောင်သူ(၇၆)ဦး၏ ယာမြေ(၁၆၂)ဧက၊ ကန်ချောကျေးရွာတွင် ကွင်းပေါင်း(၆)ကွင်း၌ တောင်သူ(၄၀၉)ဦး၏ လယ်မြေ(၁၂၀)ဧက၊ ယာမြေ(၁၁၈၆)ဧက၊ သားများဘကျေးရွာတွင် ကွင်းပေါင်း(၂)ကွင်း၌ တောင်သူ(၂၉၆)ဦး၏ ယာမြေ(၇၈၁)ဧက၊ ရွှေမိုးမြေကျေးရွာတွင် ကွင်းပေါင်း(၃)ကွင်း၌ တောင်သူ(၁၄၉)ဦး၏ လယ်မြေ(၉၇)ဧက၊ ယာမြေ(၃၃၁)ဧက၊ ထန်းလုံးတပ်ကျေးရွာတွင် ကွင်းပေါင်း(၃)ကွင်း၌ တောင်သူ (၁၈၅)ဦး၏ ယာမြေ(၄၈၁)ဧက၊ အောင်သာကျေးရွာ တွင်ကွင်းပေါင်း(၁)ကွင်း၌ တောင်သူ(၁၃၅)ဦး၏ ယာမြေ(၃၆၁)ဧက ပျက်ဆီးကြောင်း မြို့နယ်မြေစာရင်းဦးစီး ဌာန မြို့နယ်ဦးစီးဌာနမှူးထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)