ကျောက်ဆည် စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မိုးရွာသွန်းမှုများသဖြင့် ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ မြေနိမ့်ပိုင်း ကျေးရွာများ၊ လူနေအိမ်များ၊ စိုက်ခင်းများတွင် ရေဝင်နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိပြီး ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ရေဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းနှင့် အမှုဆောင်များ၊ ဝန်ထမ်းများ၊ အခြေခံသမဝါယမအသင်းအမှုဆောင်များ တက်ရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများက ရေဘေးသင့်ခဲ့သည့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးနှင့် မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်(၂)ဦး၊ ဝန်ထမ်း(၁)ဦး စုစုပေါင်း(၅)ဦးအား တစ်ဦးလျှင် ငွေ(၁)သိန်း၊ ဆန်(၁၂)ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်သွန်(၁)ပိသာ၊ ဆား(၁)ပိသာ၊ ဆပ်ပြာငါးထောင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)