ရပ်စောက်မြို့နယ် စမ်းရေဦး ခေတ်မီစံပြကျေးရွာ(Smart Village)၌ တောင်သူအသိပညာပေးဟောပြောပွဲ ကျင်းပ

ရပ်စောက် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု စမ်းရေဦးခေတ်မီစံပြကျေးရွာ (Smart village)၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်ခိုင်အေးက သီးနှံများ တစ်ဧကပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ အထွက်နှုန်းတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းသက်က ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ နည်းပညာများရရှိလာစေရန်နှင့် စွမ်းဆောင်ရည်မြှင့်မားလာစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမောင်ခိုင်က ကျေးလက်နေပြည်သူများအား ရေချွေတာသုံးစွဲရေး၊ တောင်ယာများခုတ်ထွင် မီးရှို့မှုပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာသူ/ကျေးရွာသားများ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)