စမ်းချောင်း စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် လူငယ်များဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လူငယ်စကားဝိုင်းစတင်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်း၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အထက်တန်းပြဆရာမ ဒေါ်ဘီဘီမြင့်တို့ကဆောင်ရွက်ပြီး Grade(7)မှ မယဉ်မင်းအေးက လူငယ်နှင့်စာပေ၊ Grade(10)မှ မောင်ခန့်တည်ကြည်က လူငယ်နှင့်အားကစား၊ Grade(8)မှ မောင်ကောင်းဉာဏ်ဟိန်းက လူငယ်နှင့်ကျန်းမာရေး၊ Grad (7)မှ မအိမ့်နှင်းထက်က လူငယ်နှင့် စာရိတ္တ၊ Grade(9)က မောင်သက်ဖြိုးပိုင်က လူငယ်နှင့်နည်းပညာ၊ Grade(8)က မအေးငြိမ်းစံက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးခဲ့သည်ခေါင်းစဉ်များအလိုက် သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး တာ၀န်ရှိသူများက စကားဝိုင်းပါ၀င် ဆွေးနွေးသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အထက်တန်းပြ ဆရာမ ဒေါ်ကေသွယ်စိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)