ဝမ်းတွင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲ ကျင်းပ

ဝမ်းတွင်း စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍  ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေး ဟောပြောပွဲကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေးက လူငယ်များ ကျောင်းစာများအပြင် အခြားသော ထွေထွေဗဟုသုတများတိုးပွားစေရန်၊ ဥာဏ်ရည်ဥာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်၊ ကျောင်းစာအပြင် အထွေထွေဗဟုသုတနှင့် အသိပညာများတိုးပွားစေရန် စသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဦးတင်လှိုင် စာကြည့်တိုက်မှူးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာနှင့် ဗဟုသုတရဖွယ် မှတ်သားဖွယ်ရာများကို ဟောပြောခဲ့သည်။  

အဆိုပါ  ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဝမ်းတွင်း-၁) Grade-10နှင့် 11 တို့မှ ကျောင်းသား/သူများက တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် အထွေထွေဗဟုရဖွယ် စာအုပ်စာပေများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)