တန့်ယန်း စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နှစ် (၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ သွေးလှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃) တပ်မတော်ဆေးရုံ (ခုတင်-၂၅)၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးတို့က ကြည့်ရှုအားပေးကာ သွေးလှူဒါန်းကြသည့် ရဲတပ်ဖွဲ့ဝင်များအား ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
သွေးလှူဒါန်းပွဲတွင် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၂၆)ဦးက သွေးလှူဒါန်းရာ အမှတ်(၃) တပ်မတော်ဆေးရုံ (ခုတင်-၂၅)မှ ဆရာဝန်များနှင့် တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးခြင်းနှင့် လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)