ပင်လောင်း စက်တင်ဘာ ၂၀
အရှေ့ဘက်မှလာသည့် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် နေရာကွက်ကျားမိုးကြီးနိုင်၍ ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ် ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်မှုများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြိုပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မုန်တိုင်းကြောင့် မိုးကြီးနိုင်ပြီး မြေပြိုမှုအန္တရာယ်နှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးဝေလင်းအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လယ်ပိုင်းအချိန်တွင် မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းအသိပေးနှိုးဆော်ခဲ့ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ၎င်းတို့၏ ဒေသ၊ တာဝန်ကျသည့် ကျေးရွာအုပ်စုများတွင်လည်း မုန်တိုင်းကြောင့် မိုးကြီးနိုင်ပြီး မြေပြိုမှုအန္တရာယ်နှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)